2020 လက်ရွေးစင်နာမည်စာရင်း

🇲🇲 ပထမဦးဆုံးရွေးချယ်မှု 🇲🇲 သမုဒယ အမော / 楊承明 (YANG CHENG MING) အိပ်မက်တွေ အတောင်စုံတဲ့နေ့ / မောင်ရဲဝင်အောင် ကမ္ဘာပျက်ခြင်း / သက်ပိုင်စိုး မေတ္တာဖြင့်မိုး နှလုံးသားနှင့်ကာ / ကြည်မြတ်မွန် အိပ်မက်မှသည် ရောင်ခြည်ဖြာသော နေ့ရက်များသို့ / မစိုးစိုးဟန်(劉麗君) ရွှေ့ပြောင်းအလုပ်သမားများရဲ့ခံစားချက် / သန်းကြည်မောင် 📍 ပထမအကြိမ်လက်ရွေးစင်စာရင်းသည်မှတ်ပုံတင်ချိန်အရစီခြင်းဖြစ်သည်။ အမှတ်နိမ့်မြင့်နှင့်မဆိုင်ပါ။ 📆 ဆုရနာမည်စာရင်း။ ။ 2020 ခုနှစ် သြဂုတ်လ 10 🇹🇭 รอบคัดเลือก 🇹🇭 รักแท้ (Soul mate) / นายศักดิ์สิทธิ์ กุลวงษ์ เสียงหัวใจคนไกลบ้าน / อภิชาติ อาญาพยัคฆ์ เส้นทางชีวิต / อรพรรณ แก้วสม 📍 รายชื่อที่ผ่านการคัดเลือกรอบแรกเรียงตามลำดับเวลาที่ส่ง📆 ประกาศรายชื่อผู้ได้รับรางวัล:8/10 🇻🇳 Sơ tuyển 🇻🇳 TRUYỆN CỦA MỘC MIÊN / Nguyễn Thị Nhung Bước ngoặt cuộc đời tôi / Bùi Thị Thảo QUÊ BA QUÊ MẸ – Đối Thoại Thầy Trò / Nguyễn Công Hoàng VIẾT CHO EM ÚT – MỘT CẬU BÉ CHƯA TỪNG NẾM TRẢI / HUỲNH LÊ NHƯ THUẬN Tiếng chim hót trước nhà tang lễ / 武豔秋 Hai nụ cười / Vũ Văn Linh LỜI CỦA VỎ ỐC / PHẠM HỒNG NHUNG Chúng ta gặp lại nhau qua cuộc chiến tranh / Vũ Ngọc Khanh  📍 Thứ tự bài dự thi vào vòng sơ tuyển không phải là thứ tụ xếp hạng, mà chỉ căn cứ theo thời gian gửi bài. 📆 Công bố danh sách tác phẩm dự thi đoạt giải:8/10 🇮🇩 Babak penyisihan 🇮🇩 Merajut Takdir / ETIK PURWANI Selendang Cinta dari Eropa / Mochamad Badowi Read More …

ရွှေ့ပြောင်းအလုပ်သမားများရဲ့ခံစားချက်

🇲🇲 2020 ပထမဦးဆုံးရွေးချယ်မှု 緬甸文初選 🇲🇲 📜 ရွှေ့ပြောင်းအလုပ်သမားများရဲ့ခံစားချက်👤 သန်းကြည်မောင် မိုးတဖြောက်ဖြောက်ကျနေသောကောင်းကင်ကိုမော့ကြည့်ရင်း လွမ်းလောက်စရာပုံရိပ်များတွေက သြော် အတိတ်ကိုပုံဖော်နေသလိုပါပဲလား မရိုးနိုင်စရာလောကလမ်းပေါ်မှာ ကြိုးကိုင်မပါ သောကတစ်ပုံတစ်ထမ်းနဲ့ အမျိုးမျိုးကြုံဒုက္ခများစွာဝိုင်းနေတဲ့ ကျနော်မိုးနိုင်ပါ။ ရီတစ်ခါငိုတစ်လှည့်နဲ့အများရဲ့အထင်သေးအမြင်သေးအကြည့်မျိုးစုံကြားမှာ ခါးသီးစွာရုန်းကန်ရင်းပေါ့။ အခြေခံလူတန်းစားမိသားစုပေမို့ များတကာလူတွေကြားမှာ ဝမ်းတစ်ခါးမပြည့်စုံခဲ့တော့ မိဘများကိုသွေခွာလို့တစ်ပြည်တစ်ရွာ တိုင်းတစ်ပါးကိုပိုက်ဆံဖွေရှာထွက်ခွာမယ်ဆိုတဲ့အကြောင်းကို အဖေနဲ့အမေ့ကိုဖွင့်ပြောလေတော့သည်။ “ မသွားပါနဲ့လားသားလေးရေ အမေ့တို့ကဆင်းရဲပေမယ့်ဒီအတိုင်းပဲရုန်းကန်လုပ်စားကြလို့သားလေးရဲ့အဘိုးအဘွားတွေလည်းဒီမှာပဲခေါင်းချသွားကြတာပဲလေ မရှိအတူရှိအတူလုပ်စားကြတာပေါ့သားရေ အမေတို့မချမ်းသာရင်နေပစေကွယ် သားလေးအမေ့အနားမှာရှိရင်အရာရာပြည့်စုံပါပြီ အမေ့အနားမှာပဲနေပါသားရေ” ကျနော်သည်ရှေ့ရေးကိုတွေးပြီးအမျိုးမျိုးလှည့်ပတ်စဉ်းစားနေမိတော့သည် ဒီအခြေနေမျိုးမှာဘယ်လိုမှရုန်းထွက်လို့မိသားစုဖူလုံဝမ်းဝအောင်ရလာနိုင်မယ့်ခြေနေမျိုးမမြင်မိတော့ပါ ကျနော်သည်ဆုံးဖြတ်ချက်ကိုခိုင်ခိုင်မာမာချလိုက်ပါတော့သည်။ နောက်တစ်နေ့မနက်မိုးလင်းအာရုံကျင်းချိန်ရောက်ပြီပေါ့ အဝတ်တွေကိုထုပ်ပိုး ကျောပိုးအိတ်ကိုဘေးမှာချကာ မိဘနှစ်ပါးကိုဆယ်ဖြာလက်မိုးစိတ်ရိုကျိုး၍ ရှိခိုးကန်တော့နေချိန်မှာပင်! သာဓုသာဓု သာဓု ငါ့သားလေးကျန်းမာပါစေ ချမ်းသာပါစေ မိတ်ကောင်းဆွေကောင်းတွေ့ပါစေ ဘေးအန္တရာယ်ရန်စွယ်အသွယ်သွယ်တို့ရှောင်ဖယ်ကင်းလို့ကောင်းသတင်းတွေပန်းလိုကြိုင်မွှေးပြီးသာယာအေးချမ်းပါစေ လူနဲ့ပြောလျှင်ချောပါစေ လူနဲ့ပြိုင်လျှင်နိုင်ပါစေ ခလုမထိဆူးမငြိပဲ သွားလမ်းသာလို့လာလမ်းဖြောင့်ပါစေ” တုန်ရီဝေဖြာနေသောအသံများနဲ့မဆုံးနိုင်တော့တဲ့အမေ့ရဲ့ဆုပေးသံတွေကြားရင်း အမေ့ရင်ထဲမှာဘယ်လောက်ထိပူလောင်သောကခံစားနေရလိမ့်မယ်ဆိုတာ သားနားလည်ပါတယ်အမေရေ။ အသွေးအသားနဲ့အသက်ကို ရင်း၍မွေးထားသူမို့ မျက်ရည်ဖြိုင်ဖြိုင် ဆည်မနိုင်အောင်အမေ့ပါးပြင်ပေါ်ကစီးကျလာခဲ့တော့သည်။ ကျနော်ဟာစိတ်ကိုအားတင်းပြီးကျောပိုးအိတ်ကိုပိုးရင်း မွေးရပ်မြေကိုကျောခိုင်း ညိုမှိုင်းအုံဆိုင်းနေသောတောတောင်တွေဖြတ်လျှောက်ကာ ဘဝကိုတည်ဆောက်ဖို့ကျနော်အားမွေးထားခဲ့တယ်။ လမ်းတစ်လျှောက်လုံးအတွေးပေါင်းများစွာ ဇဝေဇဝါနဲ့မိသားစုသာယာစေဖို့နောင်ရေးအတွက်ပါပဲလေဆိုသောစိတ်ကိုအတည်စွဲထားခဲ့သည် သုံးမိုင်ခရီးကိုလမ်းလျှောက်ပြီးမှမော်တော်ယာဉ်ရှိသောရေဆိပ်ကမ်းနေရာသို့ရောက်လာပါတော့တယ် မော်တော်ယာဉ်လည်းကမ်းကခွာစပြုပြီမို့ ကိုယ်လာရာလမ်းကိုနောက်လှည့်ကာပြန်ငေးကြည့်ရင်း မွေးရပ်မြေကိုကျနော်စွန့်ခွာခဲ့ရပါပြီတကား! အတွေးစိတ်မှာအဖေနဲ့အမေ့ပုံရိပ်တွေကိုမြင်ယောင်နေမိသည် အမေ့အသည်းကိုဆွဲနုတ်သွားသလိုရင်ခွင်ဟင်းလင်းကျန်ခဲ့လေပြီကော။ ဒီလိုနဲ့ပဲ ကျောက်ဖြူမြို့ကိုရောက်လာတယ် ကျောက်ဖြူမြို့ကနေကားတစ်တန်စီးရပြန်တယ် ရန်ကုန်မြို့ရောက်လာတယ် ရန်ကုန်မှာသုံးနာရီလောက်သာနေပြီး ညငါးနာရီဆက်ပြီးကားစီးရပြန်တယ် မြိတ်(ဘိတ်)မြို့သို့ရောက်ပြန်တယ် လမ်းတစ်လျှောက်မှာတော့ခေတ်မီအဆောက်အဦးတွေနဲ့လှပအောင်ဖန်တီးထားတာတွေကိုလည်းတွေ့ရပြီး မွဲခြောက်နွမ်းပြာနေသောရွာကလေးတွေလည်းအမြောက်အများတွေ့မြင်ခဲ့ရပါတယ် ကျောက်ဖြူ ရန်ကုန် မြိတ်(ဘိတ်)မြို့ခရီးတစ်လျှောက်လုံး မောပန်းစွာကားစီးလာရတော့ ကျနော့်လိုခရီးသွားအားလုံးလည်းပင်ပန်းနွမ်းနယ်နေကြတယ် မြိတ်(ဘိတ်)မြို့ကတဖန် ညလေးနာရီမှာကော့သောင်းမြို့သို့ခရီးဆက်ရပြန်သည် မြိတ်(ဘိတ်)မြို့နဲ့ကော့သောင်းမြို့ခရီးလမ်းသည်ကား အင်မတန်ပင်ခက်ခဲကြမ်းတမ်းပေတော့သည် ကားပေါ်မှာသစ်သားထိုင်ခုံတွေကအလုံးသုံးဆယ်လောက်သာရှိပြီးကားပေါ်လိုက်ပါလာသောခရီးသည်ကလူငါးဆယ်လေးယောက်ဖြစ်သည် မိန်းမတွေနဲ့လူအကြီး(အသက်ကြီး)ပိုင်းတွေကိုထိုင်ခုံမှာနေရာချပေးပြီး ကျနော်နဲ့အတူကျန်သောခရီးသည်တွေကိုကားရဲ့နောက်ဖေးခန်းထိုင်ခုံမရှိဘဲ သစ်သားပျဉ်ပြားပေါ်မှာနေရာချပေးထားတယ် ကားပေါ်မှာလိုက်ပါလာသောခရီးသည်အားလုံးသည်ကား ထိုင်းသို့တရားမဝင်မှောင်ခိုလမ်းကခိုးဝင်ကြမယ့်သူများပင်ဖြစ်ကြသည်။ ကားလမ်းဟာအလွန်ဆိုးရွှားလွန်းသည် မြေသားလမ်းဖြစ်သောကြောင့် ချိုင့်ခွက်တွေ ကျောက်ခဲတွေက ကားလမ်းမပေါ်မှာရှိနေကြသည် ကားမောင်းသမား(ဒရိုင်ဘာ)ဟာကားကိုအမြန်မောင်းပြေးနေရတယ် သူတို့ကအန္တရာယ်များစွာကိုကြုံဖူးကြသောလူတွေမို့ပေါ့လေ လမ်းမကောင်း၍ကားထခုန်သောခါ လူတွေလည်းမြင့်တက်လိုက်ပြန်ကျလိုက်နဲ့ခရီးတစ်လျှောက်လုံးလမ်းရဲ့ဆိုးဒဏ်ကိုခံနေရပါတော့သည် တောင်ကြားလမ်းများတွင်တစ်ခါတစ်လေဓားပြတိုက်ခံရသည်ဟုကြားဖူးလေသည် ညှိုးနွမ်းနေကြသောခန္ဓာကိုယ်တွေ ပြောလို့တောင်မထွက်တော့တဲ့အသံတွေ ဖုန်မှုန့်တွေဝင်လွန်းလို့ကားတစ်ကိုယ်လုံးနဲ့ကားပေါ်မှာလိုက်ပါလာကြသောခရီးသည်များအားလုံးဟာ ဖုန်မှုန့့်တွေကြောင့်အဖြူရောင်တွေဖြစ်ကုန်ကြပါတယ် တစ်ညနဲ့တစ်ရက်ဒုက္ခတွေနဲ့နပန်းလုံးပြီးညနေခြောက်နာရီလောက်မှာ ကော့သောင်းမြို့ကိုရောက်လာပါတော့တယ် ဆိုင်တစ်ဆိုင်ဝင်ပြီး လက်ဖက်ရည်တစ်ခွက်သောက်နေချိန်မှာပင် ပွဲစားကလာခေါ်တော့ လက်ဖက်ရည်ဖိုးပိုက်ဆံကိုကပျာကယာရှင်းပြီးဆိုင်ကယ်ပေါ်လိုက်ပါခဲ့ရပြန်တယ် လမ်းတစ်လျှောက်မှာကား ဆီအုန်းပင်တွေနေရာအနံှ့စိုက်ထားကြသည် လမ်းမှာရဲဂိတ်တွေတွေ့တယ် ဆိုင်ကယ်သမားတွေဟာလမ်းကိုလှည့်ပတ်ပြီးမောင်းပြေးရပါတယ် တစ်နာခွဲလောက်မောင်းလာပြီးမှမြစ်ကမ်းနံဘေးကရွာတစ်ရွာမှာအိမ်ကလေးတစ်အိမ်ဆီသို့ပို့ပေးခဲ့တယ် ရောက်တာနဲ့ပဲအိမ်ပေါ်ကညီမတစ်ယောက်ဆီကကြက်သားဟင်းပါတဲ့ထမင်းတစ်ထုပ်ကျွေးပါတယ် သူကျွေးတဲ့ထမင်းကိုတောင်မစားနိုင်တော့ချေ ချမ်းကလည်းချမ်းနဲ့ ကျနော်ဟာပင်ပန်းလွန်းတော့ဝင်သလောက်စားပြီး ခဏလေးမှေးအိပ်ပါသွားတယ် နိုးလာသောအချိန် ထိုင်းကိုဝေးသေးပါသလားလို့လူကြီးတစ်ယောက်ကိုမေးကြည့်တော့ ဟိုဖက်ကမ်းဟာထိုင်းနိုင်ငံပါပဲတဲ့ ကျနော်သည်သူငယ်ချင်းဆီကိုဖုန်းဆက်ပါတယ် မြစ်ကမ်းနံဘေးရောက်နေပြီဆိုတဲ့အကြောင်း သူကကျနော့်ကိုအားဖြည့်စကားပြောပါတယ် မကြာခင်ငါ့ဆီသို့ရောက်တော့မှာပါ မကြာတော့ပါဘူးတဲ့။ ကျနော်စိတ်သက်သာသွားသည် ဒါပေမယ့် သူငယ်ချင်းဆီမရောက်သမျှတော့စိတ်မချမ်းသာသေးဘူးပေါ့လေ သန်းခေါင်ကျော်(၁)နာရီလောက်မှာထိုင်းဘက်ကမ်းကိုကူးဖို့ခေါ်လာပါတော့တယ် နေရာပေါင်းစုံကလူတွေဆိုတော့စကားသံအမျိုးမျိုးပြောကြတာပေါ့ အဲ့ဒီမှာလူကြီးတစ်ယောက်ကအသံခပ်ကျယ်ကျယ်လှမ်းပြောပါတယ် ခရီးသည်များခင်ဗျာ အသံမထွက်စေနဲ့ ဆေးလိပ်မသောက်ကြနဲ့ လျှပ်စစ်ဓာတ်မီးမထွန်းကြနဲ့ပေါ့ ကျနော်တို့ခရီးသည်များကားအသံတိတ်ဆိတ်ငြိမ်သက်စွာလိုက်ပါလာရတော့သည် မိနစ်အနည်းငယ်အတွင်းမှာပဲထိုင်းဘက်ကမ်းသို့ဆိုက်ကပ်ပြီး ကပ်လျှင်ကပ်ချင်းအလျှင်စလိုပြေးတက်ရပါတယ် ရာဘာခင်းတွေထဲမှာခြေလျင်တစ်နာရီလောက်ဖြတ်လျှောက်ပြီး အသင့်စောင့်နေသောကားပေါ်တက်ကြရပါတယ် ကားနောက်ပိုင်းအမိုးမပါသောကားမျိုးပါ လူ(၂၀)လောက်သာဝင်ဆန့်နိုင်ပေမယ့် လူ(၃၅)ယောက်နောက်ပိုင်းမှာထည့်လိုက်တယ် အကုန်လုံးကိုခေါင်းငုံ့ငုံ့ထားစေပြီး ခရီးသည်များရဲ့အပေါ်ကနေ တာလာပတ်ဖြင့်မိုးအုပ်လိုက်တယ် အပေါ်ကနေကြိုးဖြင့်ပတ်ချည်လိုက်တယ် လူတွေဟာအသက်ရှူတောင်မဝနိုင်ကြချေ တစ်နာရီလောက်အကြာမောင်းပြီးဆီအုန်းခင်းထဲမှာရပ်နားပေးပါတယ် ဒီဆီအုန်းခင်းထဲမှာပဲသုံးရက်နေရတယ် ထမင်းကိုတော့ပွဲစားတွေလာကျွေးကြပါတယ် သုံရက်မြောက်နေ့ ည(၁၀)နာရီလောက်မှာဆိုင်ကယ်တစ်စီးနဲ့လာခေါ်ပါတယ် မိနစ်(၂၀)လောက်မောင်းလိုက်တာနဲ့ ဟော ကာလာရောင်စုံလင်းနေတဲ့အဆောက်အဦးတွေမြင်ရပြီး ညီညာပြန့်ဖြူးနေသောလမ်းမကြီးဆီရောက်လာပါပြီ အခန်းတစ်ခန်းမှာနာရီဝက်လောက်ထားခဲ့တယ် ကျနော်ထက်အသက်ကြီးသူတစ်ယောက်ကိုကျနော်မေးကြည့်ပါတယ် ကျနော်အခုဘယ်နေရာရောက်နေပြီလဲအကိုရေပေါ့ ငါ့ညီရေ ဒါဟာထိုင်းနယ်စပ် ရနောင်းမြို့ကလေးပါတဲ့။ ကျနော်သည်ချက်ချင်းစိတ်ထဲမှာတစ်ခုပေါ်ပေါက်လာတယ် သြော် နယ်စပ်မြို့လေးတောင်တိုးတက်ပြောင်းလဲနေတော့ နာမည်ကြီးမြို့တွေဆိုကြီးကျယ်နေပါပေါ့လား မြန်မာနိုင်ငံနဲ့တော့ကွာခြားလွန်းပါတယ်လေ။ အချိန်ခဏလေးမှာပင်လူတစ်ယောက်ခေါ်လာပါတယ် နောက်တစ်နေရာပြောင်းသွားရမယ်ပေါ့ သူသည်ကျနော်ကိုကားပေါ်တင်ပေးလိုက်ပါတယ် ကားပေါ်မှာဘာပစ္စည်းမှတင်မထားပဲလူထိုင်ခုံသတ်သတ်ပါပဲ ထိုင်ခုံမှာလည်းသန့်ရှင်းသပ်ရပ်ပြီးရေမွှေးဖျန်းပေးထားတော့ပင်ပန်းလာတာတွေသက်သာသလိုခံစားလိုက်ရတယ် ကျနော်ကားစီးရခြင်းကိုပင်မြန်မာနိုင်ငံနဲ့ပြန်လည်နှိုင်းယှဉ်နေမိသည် ကျောက်ဖြူကနေရန်ကုန်ပြေးဆွဲနေတဲ့ကားပေါ်မှာဆိုရင် လူထိုင်ခုံကြားမှာပစ္စည်းတွေကရှုပ်ပွပြီး ပစ္စည်းအပေါ်ထက်မှာလည်းထိုင်ခုံမရလိုက်တဲ့ခရီးသည်တွေတော်တော်များများပါကြတယ် လမ်းတွေဆိုးလွန်းတော့မူးသူကမူး ငိုသူကငို အန်သူကအန်နဲ့ ဘယ်လောက်ပင်ကိုယ်ကစိတ်ကိုတင်းထားပေလည်း သူတို့လူပင်ထိန်းမနိုင်တော့ဘဲအန်ချမိခဲ့ပါရဲ့ အခုကြတော့အတော်လေးဇိမ်ကျကျနဲ့စီးနေရပါလား တွေးတွေးရင်းနဲ့ကျနော်ခရီးပန်းလွန်းလို့အိပ်ပျော်သွားခဲ့သည်။ နိုးလည်းနိုးကျလာတော့ ထိုင်းနိုင်ငံတောင်ပိုင်း ဟတ်ယိုင်မြို့သို့ရောက်နေတော့သည် ခဏလေးမောင်းလိုက်တာနဲ့ကားဂိတ်လည်းရောက်တော့ ကျနော်သူငယ်ချင်းဆက်သွယ်ထားတဲ့လူတစ်ယောက် ကားဂိတ်မှာအသင့်စောင့်နေတာတွေ့ရတယ် ကျနော့်မှာ နေထိုင်ခွင့်ဘာအထောက်အထားမှမရှိတော့ချက်ချင်းပင် ဆိုင်ကယ်ပေါ်တက်ခိုင်းပြီးမောင်းယူလာခဲ့သည်။ သူငယ်ချင်းဆီရောက်တော့မကြာမီရက်ပိုင်းအတွင်းမှာပင် Read More …

အိပ်မက်မှသည် ရောင်ခြည်ဖြာသော နေ့ရက်များသို့

🇲🇲 2020 ပထမဦးဆုံးရွေးချယ်မှု 緬甸文初選 🇲🇲 📜 အိပ်မက်မှသည် ရောင်ခြည်ဖြာသော နေ့ရက်များသို့ 👤 မစိုးစိုးဟန်(劉麗君) လူသားတွေဟာ ဘဝကိုဖြတ်သန်းတဲ့နေရာမှာ အကောင်းဆုံးဆိုတာတွေကို မျှော်လင့် ကြတယ်။ ဖြစ်ချင်တဲ့ဆန္ဒတွေ တနည်းအားဖြင့် စိတ်ကူးအိပ်မက်တွေ အသီးသီး ရှိကြပေမယ့် အကောင်အထည်ဖော်မှုအပေါ်မူတည်ပြီး လက်တွေ့ဘဝတွေမှာ ကွာခြားသွားတတ်ကြ ပါတယ်။ ဆန္ဒနဲ့ဘဝ တထပ်တည်းကျတယ်ဆိုတာလည်း အင်မတန်ရှားပါတယ်။ ဖြစ်လာတဲ့ ဘဝအပေါ် လက်ခံကျေနပ်လိုက်ကြရတာ များပါတယ်။ အထူးသဖြင့်တော့ ကျွန်မတို့လို မွေးရပ်မြေကိုစွန့်ခွာပြီး အခြားနိုင်ငံတစ်ခုသို့ ပြောင်းရွှေ့နေထိုင်ခဲ့ရတဲ့ သာမန်လူတန်းစား များအဖို့မှာတော့ မိမိတို့ရဲ့ဘဝအိပ်မက်ကို အကောင်အထည်ဖော်ဖို့ဆိုတာ အလှမ်းပိုပြီး ဝေးကွာလှပါတယ်။ ဒီစာကိုရေးသားရတဲ့ အဓိကရည်ရွယ်ချက်ကတော့ ကျွန်မလို ရွှေ့ပြောင်း နိုင်ငံသားတစ်ဉီးအနေနဲ့ ဘာသာစကားမတူညီတဲ့နိုင်ငံတစ်ခုမှာ အခြေခံလူတန်းစား အလုပ် သမားဘဝကနေ အဆိုပါနိုင်ငံရဲ့ အသိအမှတ်ပြု အဆင့်မြင့်ပညာရပ်ဆိုင်ရာ မဟာဘွဲ့တစ်ခု ရရှိပြီး လူနေမှုအဆင့်အတန်းတစ်ခုကို မည်သို့မည်ပုံ ကြိုးစားမြှင့်တင်နိုင်ခဲ့တယ် ဆိုတာကို ပညာလိုလားတဲ့ ဘဝတူပညာသင်မောင်နှမများအတွက် လေ့လာနိုင်ဖို့ မျှဝေချင်တာပဲ ဖြစ်ပါတယ်။ ကျွန်မက မြန်မာနိုင်ငံမှာမွေးဖွားကြီးပြင်းခဲ့တဲ့ တရုတ်လူမျိုးတစ်ဦးပါ။ မွေးချင်း ညီမ ၂ ယောက်နဲ့ စုစုပေါင်း မိသားစုဝင် ၅ ဦးရှိပါတယ်။ ငယ်ငယ်ကတည်းက ကျွန်မရဲ့ ဖြစ်ချင်တဲ့ဆန္ဒ ကိုပြောပါဆိုရင် ပညာတတ်တစ်ဦး ဖြစ်ချင်ခဲ့ပါတယ်။ အများသူငါတွေလို အဆင့်မြင့် တက္ကသိုလ်တက်ရတဲ့ ဘဝတွေကို မက်မောတမ်းတ အားကျနေခဲ့သူတစ်ဦးပါ။ ဒါကြောင့် လည်း ဒီအိပ်မက်ကို အကောင်အထည်ဖော်ဖို့ ငယ်စဉ်ကတည်းက ကျွန်မ စာကြိုးစားခဲ့တယ်။ အဲ့ဒီလို ကြိုးစားတဲ့နေရာမှာ ကျွန်မမိခင်ရဲ့တင်းကြပ်လှတဲ့ စည်းကမ်းသတ်မှတ်ချက်ကတော့ မြန်မာနိုင်ငံရဲ့ အမြင့်ဆုံးဆိုတဲ့ ဆေးတက္ကသိုလ်အဆင့်မီတဲ့ ဝင်ခွင့်အမှတ်ရမှသာ တက္ကသိုလ် တက်ခွင့်ပေးမယ် ဆိုတာပါပဲ။ ကံကြမ္မာရဲ့ လှည့်စားမှုကြောင့် တက္ကသိုလ်ဝင်ခွင့် အောင်စာရင်း ထွက်တဲ့အခါမှာ ဆေးတက္ကသိုလ်ဝင်ခွင့်ကို တစ်မှတ်အလိုနဲ့ကပ်ပြီး လွဲခဲ့ရပါတယ်။ တချိန် တည်းမှာပဲ ထိုင်ဝမ်နိုင်ငံသို့ ပြောင်းရွှေ့နေထိုင်ဖို့ ဝင်ခွင့်လျှောက်ထားတဲ့ ခွင့်ပြုချက် ရလာခဲ့ပြီး မိသားစုအလိုက် ပြောင်းရွှေ့ခဲ့ရတာဖြစ်လို့ ကျွန်မရဲ့ဘဝအိပ်မက်ကို ထိုင်ဝမ်မှာဆက်ပြီး အကောင်အထည်ဖော်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ထိုင်ဝမ်နိုင်ငံဟာ စရောက်ရောက်ချင်းမှာတော့ အခက်အခဲတွေ၊ စိန်ခေါ်မှုတွေ အပြည့်နဲ့ ဆီးကြိုနေပါတယ်။ မိသားစုစားဝတ်နေရေးအတွက် ကြုံရာအလုပ်တွေကို အရင်လုပ်ရ ပါတယ်။ မဆုတ်မနစ်ကြိုးစား အားထုတ်မှုများဖြင့် ထိုင်ဝမ်ရဲ့ လုပ်ငန်းပတ်ဝန်းကျင်နဲ့ လိုက်လျောညီထွေအောင်နေထိုင်ရင်း ဘာသာစကားအခက်အခဲများကို အားတင်းကျော်ဖြတ် ရင်း သုံးနှစ်တာကာလ ကုန်ဆုံးသွားခဲ့ပါတယ်။ အဲ့ဒီအချိန်မှာ တက္ကသိုလ်တက်ဖို့ အိပ်မက် ဆိုတာ ရင်ထဲမှာပဲသိမ်းထားခဲ့ရတဲ့ အခြေအနေမျိုးပါ။ ဘာသာစကားကွာခြားမှု၊ မြန်မာနိုင်ငံမှ အထက်တန်းစာမေးပွဲအောင်လက်မှတ်ကို ထိုင်ဝမ်အစိုးရမှ အသိအမှတ်မပြုမှုနဲ့ မိသားစု စားဝတ်နေရေးအတွက် အလုပ်လုပ်နေရတဲ့ အခြေအနေတွေကနေ ဖောက်ထွက်ပြီး မျှော်မှန်း ထားတဲ့ ပညာရေးခရီးဆက်နိုင်ဖို့အတွက် ပထမခြေလှမ်းအနေနဲ့ ကျုံးဟိုကော်ကျုံး (Zhonghe Junior High School) အလယ်တန်းကျောင်းရဲ့တတိယနှစ် ညကျောင်းကို စတင်တက် ရောက်ခဲ့ပါတယ်။ အဲ့ဒီညကျောင်းကနေ တရုတ်ဘာသာစကားရဲ့ အခြေခံ အသံထွက်များကို စတင်သင်ယူရပါတယ်။ ထိုင်ဝမ်နိုင်ငံသား အတန်းဖော်များနဲ့ အတန်းချိန်များမှာ တရုတ် ဘာသာစကားဖြင့်​​​ ပြောကြားလေ့ကျင့်မှုများကြောင့်သာ တရုတ်ဘာသာစကား အနည်း အကျဥ်းကို တတ်မြောက်ခဲ့ပါတယ်။ အဲ့ဒီကျောင်းကနေ အလယ်တန်းအောင်မြင် ပြီးတဲ့အခါ အတန်းဖော်တွေရဲ့ အကြံပြုချက်အရ ယုံဖင်ကောင်းကျုံး (Yong-Ping High Read More …

မေတ္တာဖြင့်မိုး နှလုံးသားနှင့်ကာ

🇲🇲 2020 ပထမဦးဆုံးရွေးချယ်မှု 緬甸文初選 🇲🇲 📜 မေတ္တာဖြင့်မိုး နှလုံးသားနှင့်ကာ👤 ကြည်မြတ်မွန် ခရီးဆောင်အိတ်ကို ဇစ်ဆွဲပိတ်ပြီး အခန်းနံရံတွင်မှီ၍ ထောင်ထားလိုက်သည်။ သက်ပြင်းတစ်ချက်ချရင်း အခန်းထဲ တစ်ချက်ဝေ့ကြည့်သည်။ အခန်းတစ်ခုလုံး ရှင်းလင်းနေသည်။ အစီအရီထောင်ထားသော ခရီးဆောင်အိတ်များက ငါးလုံးရှိနေခဲ့ပြီ ။ နောက်ထပ် သိမ်းဆည်းရမည့် ပစ္စည်းများလည်း သိပ်မကျန်တော့။ အနှစ်နှစ် အလလနေလာခဲ့သည့် သူ့အခန်းလေးကို စိတ်မကောင်းခြင်းများစွာနှင့် လှည့်ပတ်ကြည့်နေမိသည်။ ဇနီးဖြစ်သူက မီးဖိုခန်းနှင့် ဧည့်ခန်းထဲမှ သိမ်းစရာရှိသည်များကို သိမ်းဆည်းလျှက်ရှိသည်။ ကလေးနှစ်ယောက်ကတော့ အဖေနှင့်အမေကို စိတ်ကောက်ပြီး အိမ်အနီးနားရှိ ပန်းခြံတစ်ခုသို့ ထွက်သွားသည်။ ဒီကလေးနှစ်ယောက်ကြောင့်ပင် ကျွန်တော် မြန်မာပြည်ကို အပြီးပြန်ဖို့ ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။ မြန်မာပြည် ပြန်ရတော့မည် ဖြစ်သဖြင့် သယ်ယူသွားရန်မလွယ်ကူသည့် ပစ္စည်းများကို ရောင်းစရာရှိသည်များရောင်း၍ ပေးသင့်တန်သည်များကို မိတ်ဆွေသူငယ်ချင်းများအား ပေးခဲ့ပြီးပြီ။ အသုံးမဝင်တော့မည့် ပစ္စည်းများကိုလည်း လွှင့်ပစ် ခဲ့ပြီးတာကြောင့် အခန်းတစ်ခုလုံး ရှင်းလင်းနေသည်။ နှစ်ပေါင်းများစွာ နေထိုင်စဉ်အတွင်း ဝယ်ယူစုဆောင်းထားသည့် ပစ္စည်းများ ဖြစ်တာကြောင့် စိတ်ထဲတွင်တော့ နှမြောမိသည်။ သို့သော် ထိုနှမြောခြင်းတွေထက် ကျွန်တော်ပို၍ နှမြောရမည့် အရာရှိနေသည်။ ထိုအရာက ကျွန်တော် သားသမီးများ၏ အနာဂတ် ဖြစ်သည်။ သူတို့လေးတွေ အတွက်ကြောင့်ပင် ကျွန်တော် နှစ်ပေါင်းများစွာ နေထိုင်လာသည့် သည်နေရာမှ အပြီးအပိုင် စွန့်ခွါပြီး မြန်မာပြန်ဖို့ ဆုံးဖြတ်လိုက်ခြင်း ဖြစ်ပါသည်။ *** လွန်ခဲ့သည့် ဆယ်ငါးနှစ်ကတည်းက ထိုင်ဝမ်နိုင်ငံတွင် ကျွန်တော်လာရောက်အလုပ်လုပ်ကိုင် နေထိုင်နေခဲ့သည်။ သည်နိင်ငံရောက်ပြီးသုံးနှစ်ခန့်အကြာတွင် ကျွန်တော့်ကဲ့သို့ လာရောက် အလုပ်လုပ်ကိုင်သည့် မြန်မာ အမျိုးသမီးလေးတစ်ဦးနှင့်တွေ့ဆုံကာ လက်ထပ်ဖြစ်ခဲ့သည်။ အိမ်ထောင်ဦးဘဝတွင် နှစ်ယောက်အတူ လှုပ်ရှားရုန်းကန်ခဲ့ရသည်။ မကြွယ်ဝ မချမ်းသာသေးသော်လည်း လူတန်းစေ့ နေထိုင်နိုင်ခဲ့သည်။ ထိုသို့ဖြင့် အိမ်ထောင်သက် နှစ်နှစ်ခန့်တွင် ဇနီးဖြစ်သူမှာ ကိုယ်ဝန်ရှိလာသည်။ သည်နိုင်ငံတွင် ကလေးတစ်ယောက် စရိတ်မှာ မြင့်မားသောကြောင့် ဇနီးဖြစ်သူမှာ မွေးဖွားခါနီး အထိ အလုပ်တက်ခဲ့ရ၏။ ထိုနောက် သမီးလေးကို မွေးဖွားခဲ့ပါသည်။ သည်နိုင်ငံ စနစ်အရ ကလေးမွေးဖွားရန်အတွက် ခွင့်ရက် လေးဆယ့်ငါးရက် ရပါသည်။ ထို့ကြောင့် သမီးလေး တစ်လသားအရွယ်တွင် ဇနီးဖြစ်သူမှာ ခွင့်ရက်စေ့သွားတာကြောင့် အလုပ် ပြန်တက်ရလေသည်။ အိမ်နီးနားရှိ မြန်မာလူမျိုး အဒေါ်ကြီးတစ်ဦးကို လခပေး၍ သမီးလေးကို ထိန်ခိုင်းရသည်။ ဤသို့ဖြင့် သမီးလေး နှစ်နှစ်ကျော်တွင် သားလေးကို ထပ်မွေးခဲ့ပြန်သည်။ ကလေးနှစ်ယောက်အတွက် ထိန်းစရိတ်များမှာ ကျွန်တော့်ဇနီးသည်၏ လခတစ်လစာခန့်ရှိသည်။ ထိုကြောင့်ဇနီးဖြစ်သူက အိမ်တွင်နေ၍ ကလေးထိန်းရန် အလုပ်ထွက်လိုက်သည်။ ကလေးနှစ်ယောက်၏ နု့ိမှုန့်ဖိုးအပါအဝင် အထွေထွေစရိတ်များ ၊ အိမ်စရိတ်များ အစရှိသည့် စရိတ်များစွာကို အဆင်ပြေဖို့ ကျွန်တော် နေ့စဉ်လိုလို အလုပ်တွင် အချိန်ပို ဆင်းရသည်ကြောင့် မိသားစု စုံစုံလင်လင်နေရသည့်အချိန်က ရှားပါးလှသည်။ ကျွန်တော် အလုပ်သွားချိန်တွင် ကလေးများက အိပ်ယာမှမနိုးသေးဘဲ ကျွန်တော် ပြန်လာချိန်တွင်တော့ ကလေးများက အိပ်ပျော်နေပြီ ဖြစ်သည်။ ထိုသို့ဖြင့် သမီးကြီး သုံးနှစ်အရွယ်ရောက်သောအခါ မူကြိုထားရန် ကျွန်တော်နှင့် ကျွန်တော့်ဇနီး ခေါင်းချင်းဆိုင်ကာ တိုင်ပင်ကြ၏။ သည်နိုင်ငံ၏ ကလေးမူကြိုစရိတ်မှာလည်း မြင့်မားလှပါသည်။ နောက်ဆုံးတော့ ကျွန်တော်တို့ ဆုံးဖြတ်လိုက်သည်။ သားနှင့် သမီးကို မြန်မာပြည်သို့ Read More …

ကမ္ဘာပျက်ခြင်း

🇲🇲 2020 ပထမဦးဆုံးရွေးချယ်မှု 緬甸文初選 🇲🇲 📜 ကမ္ဘာပျက်ခြင်း 👤 သက်ပိုင်စိုး အခန်း (၁) ထိုအရပ်သို့ ကြောက်မက်ဖွယ်ရာ ဘေးအန္တရာယ်ကပ်ဆိုးကြီး ကျရောက်လာမည့်နေ့ မနက်ခင်းသည် ပုံမှန်အတိုင်းသာ ရှိနေခဲ့သည်။ မနက်ခင်းအပူချိန်သည် ယခင်နေ့များအတိုင်း မပူလွန်း မအေးလွန်းဘဲ နွေးထွေးမှုကိုသာ ပေးနေသည်။ လေထုသည်လည်း ပုံမှန်အတိုင်းသာ ဝေ့ဝဲတိုက်ခတ်နေ၏။ မကြာခင် အချိန်တွင် သူတို့မျိုးနွယ်စုများအားလုံး သေဘေးဖြင့် ရင်ဆိုင်ကြရတော့မည်ဟု မည်သူမျှ မတွေးမိကြ။ မထင်ထားကြ။ သံသယဖြစ်ဖွယ်ရာ အရိပ်အယောင်ပင် မမြင်ခဲ့ရ။ ထို့ကြောင့်ပင် ပုံမှန်အတိုင်းသာ သွားလာလှုပ်ရှားနေကြ၏။ ကလေးများက ပြေးလွှားဆော့ကစားနေသလို သားသည်အမေများကလည်း ကလေးငယ်လေးများကို စားစရာများ ခွံ့ကျွေးနေကြသည်။ ငယ်ရွယ်နုပျိုသူများက ဆိုင်ရာလုပ်ငန်းခွင်များတွင် လှုပ်ရှားလုပ်ကိုင် နေကြ၏။ သက်ကြီးရွယ်အိုများကတော့ ပူနွေးသော နေရောင်ခြည်အောက်တွင် ငြိမ်သက်စွာဖြင့် ထိုင်နေကြလေသည်။ မောင်နီသည်လည်း မနေ့ညမှ စားလက်စကျန်နေသေးသည့် မုန့်အပိုင်းတခုကို ဇနီးနှင့်သားကို ခွဲဝေကျွေးနေခဲ့သည်။ အရာရာသည် ယခင်နေ့များအတိုင်း ပုံမုန်လည်ပါတ်နေခဲ့သည်။ ထိုကဲ့သို့ အေးချမ်းစွာ ရှာဖွေစားသောက် နေထိုင်နေကြသော သူတို့အတွက် နောက်ဆုံးအချိန်အခါသည်ကား မျှော်လင့် မထားဘဲ ကျရောက်လာခဲ့လေပြီ။ ပထမဆုံး ကောင်းကင်ထက်မှ မိုးခြိမ်းသံကဲ့သို့ အသံကျယ်ကြီး ဝေါခနဲ ထွက်လာသည့်အခါ ထိုအရပ်ဒေသတွင် ရှိနေသူအားလုံး အထိတ်တလန့်ဖြစ်ကုန်ကြသည်။ ထိုအသံကျယ်ကြီးနှင့်အတူ စူးရှတောက်ပလွန်းသော အလင်းရောင်တန်းကြီးသည် သူတို့နေထိုင်ရာ ဒေသတခုလုံးသို့ ကျရောက်လာခဲ့သည်။ မောင်နီသည် လက်ဖြင့်ကာခါ ကောင်းကင်သို့ မော့ကြည့်လိုက်သော်လည်း စူးရှလွန်းသည့် အလင်းရောင်ကြောင့် သဲသဲကွဲကွဲ မမြင်ရ။ ကောင်းကင်သည် ယခင်နေ့များအတိုင်း မဟုတ်တော့ဘဲ ပွင့်ထွက်ကာ စူးရှသောအလင်းရောင်များ ဝင်လာနေခြင်း ဖြစ်သည်။ တခြားသူများ အားလုံးလည်း ထိုအလင်းရောင်ကြီးကြောင့် လှုပ်ရှားဖို့ကို မေ့နေသည်အထိ တအံ့တသြ ဖြစ်လို့နေကြသည်။ ထို့နောက် ရုတ်တရက်ချက်ချင်းပင် သူတို့နေထိုင်ရာ အရပ်တစ်ခုလုံး အလင်းရောင်များ ကွယ်ပျောက်ကာ အမှောင်ဖုံးလွှမ်းသွားတော့၏။ သူတို့၏ ကောင်းကင်ပေါ်မှ အမျိုးအမည် မဖော်ပြနိင်စွမ်းသော ကြီးမားသည့် အရာဝတ္ထုများ ပြုတ်ကျလာသဖြင့် အမှောင်ဖုံးလွှမ်းသွားခြင်းဖြစ်သည်။ ထိုအရာဝတ္ထုများသည် သူတို့အရပ်ဒေသတခုလုံးပေါ်သို့ နေရာလပ်မကျန်အောင်ပင် ကျရောက်လာခဲ့သည်။ ထိုအရာဝတ္ထုများမှာ ကြီးမားသည့်အပြင် လေးလံလွန်းလှသဖြင့် အံ့အားသင့် မင်သက်နေမိကြသူ တော်တော်များများမှာ ပိပြားကာ အသက်ပျောက်သွားကြရတော့သည်။ တချို့မသေမရှင် ဖြစ်နေသူများ၏ ကယ်ပါယူပါ အော်ဟစ်သံများသည်လည်း ထိုဒေသတခုလုံးတွင် ဆူညံပွက်လော ရိုက်နေလေသည်။ သို့သော် မည်သူကမှ တစ်ဦးကိုတစ်ဦး ကယ်တင်ပေးဖို့ရန် မဖြစ်နိင်တော့ပေ။ မြန်ဆန်လွန်းသော အဖြစ်အပျက် အောက်တွင် ပြေးလွှားရှောင်ပုန်းချိန်မရလိုက်ဘဲ ပျောက်ဆုံးသွားကြရသည်။ မောင်နီတို့ မိသားစုလည်း စားလက်စမုန့်ကို ပစ်ချကာ အသက်ဘေးအတွက် ခြေဦးတည့်ရာ ပြေးရတော့၏။ ပြေးရင်းဖြင့် မည်သည့်အရပ်သို့ ရောက်သွားနိင်မည်ကိုပင် စဉ်းစားချိန်မရတော့။ ကောင်းကင်ထက်မှ အရာဝတ္ထုများကလည်း အဆက်မပြတ် ကျရောက်နေတုန်းပင်ဖြစ်သည်။ သူတို့နေရာတစ်ခုလုံးသည် မှောင်မိုက်ကာ နားကွဲမတတ် ဆူညံနေလေသည်။ ကျယ်ဝန်းလှသော ဤအရပ်တွင် ခြေဦးတည့်ရာ ပြေးလွှားနေကြသော ဘဝတူများစွာကိုတွေ့ရသည်မှာ သွေးပျက်ခြောက်ခြားစရာ ကောင်းလွန်းလှသည်။ မှောင်မိုက်ထဲတွင် ပြေးရင်းဖြင့် သူ့ဇနီးနှင့်သားလည်း ဘယ်ဆီဘယ်ဝယ် ရောက်သွားမှန်း မသိတော့။ သူ့မိဘများဘိုးဘွားများရော သေဆုံးသွားကြပြီလား ထွက်ပြေးလွတ်မြောက် သွားကြပြီလား မသိနိင်တော့ပြီ။ ပြေးရင်းလွှားရင်း သူ့ဇနီးနှင့်သားငယ်ကို ရှာဖွေကြည့်သော်လည်း မတွေ့ရ။ သေဆုံးသွားကြပြီလားဟု တွေးမိတော့ ပြေးနေသည့် ခြေလှမ်းများပင် အားလျော့သွားရသည်။ Read More …

အိပ်မက်တွေ အတောင်စုံတဲ့နေ့’

🇲🇲 2020 ပထမဦးဆုံးရွေးချယ်မှု 緬甸文初選 🇲🇲 📜 အိပ်မက်တွေ အတောင်စုံတဲ့နေ့’👤 မောင်ရဲဝင်အောင် အမေအိုကြီးရှိတဲ့ အိမ်အိုလေးဆီအပြေးခြေလှမ်းတွေ ပို့မယ် နားမငြီးရဘူး အမေစစ်ပွဲမရှိတဲ့ ငြိမ်းချမ်းရေးတရားမှာသားတိုက်နေတဲ့ စစ်ပွဲအကြောင်းကိုပြောပြမယ်သူဌေးတစ်ယောက်ရဲ့ အနာတရတွေပါပဲ အမေဆားသိပ်ထားတာတွေတော့ သိပ်များတယ် သားပြန်လာဖြစ်ခဲ့ရင်နိုင်ငံတော်ကြီးကို သားနေထိုင်ရမှုအကြောင်းတိုင်ပင်မယ်တိုးတက်မှုတွေအကြောင်း တရားဟောမယ်အမေပေးတဲ့ မုန့်ဖိုး ၁၀၀၀ ကိုလွမ်းတယ် ဘဝဟာ ဘဝလို့ သတ်မှတ်ခံခြင်းထဲသား ဆေးလိပ်အတိုလေးကို ကောက်ဖွာမိတယ် အမေသူတို့နိုင်ငံမှာ ဆေးလိပ်တိုတောင် လမ်းပေါ်မှာကောက်မရအောင်ရှားတယ် အိမ်ခေါင်မလုံတဲ့ မိုးရေပေါက်လေးအားလွမ်းမိတယ် အမေရယ်သားက အိမ်သာခေါင်မိုးမှာ ကပ်အိပ်နေတတ်တာ အမေဆုံးမတဲ့ ငါးပါးသီလလေးတည်ချင်ပါတယ် အမေသားနေရတဲ့ ဘဝက လူကိုလူခြင်းသတ်မှ အမေ့ဆီပြန်ရောက်မယ့် ဘဝ ပညာနည်း ဥာဏ်မွဲတဲ့ အမေ့သားပါလေဥပဒေဆိုတဲ့ သူတို့လက်သုံးစကားမှာသားလည်း wy တွေကိုသောက်ဖူးပြီ“ ရှုရတယ်ဟ ငပိန်းတဲ့” အမေ့သား လူလည်မဖြစ်သေးဘူး သားပြန်လာဖြစ်ခဲ့ရင်အဖမ်းမခံရဖို့ အပြင်မထွက်ရဲသမျှမိခင်နိုင်ငံရဲ့ ရင်ဘတ်ထဲမှာ လွတ်လပ်စွာလျှောက်သွားမယ် ထမင်းဖိုးက စျေးကြီးတယ်အမေဘေးအိမ်က အန်တီကြီးဆီ ငပိရည်တောင်းပြီးပလုတ်ပလောင်းစားရတာကို သဘောကျတဲ့သားပေါင်မုန့်တစ်လုံးနဲ့လည်း တစ်နေ့စာကိုနေတတ်နေပြီ တိုးတက်မှုတွေနဲ့ မွန်းကြပ်မှုကြား မဝတဝအသက်ရှုရင်းဘုရားစူးပါမေမေ သားဝန်းကျင်လေးဆီကတောတောင် ရေမြေတွေရဲ့ စိမ်းလန်းမှုလေးကိုပြန်ဖက်တွယ်ထားချင်တယ် သားပြန်လာဖြစ်ခဲ့ရင်ယမ်းငွေ့တွေအမြဲမလွင့်နေတဲ့ အေးချမ်းရာဒေသကသွေးပေလူးနေတဲ့ လူတွေအကြောင်းသားပြောပြမယ် အမေ အမေသင်ပေးတဲ့ ဂုဏ်တော်တွေ သားပိုဆိုဖြစ်တယ်သေခြင်းတရားကို လက်တို့မိတိုင်းပေါ့ အမေ ဘုရား၊တရားလည်း မမေ့ပါဘူးအမေသားတို့တိုင်းပြည်က အထင်ကရ ရွှေတိဂုံရင်ပြင်တော်မှာသား အမေနဲ့အတူဝတ်ပြုတယ်လို့ အိပ်မက်တွေ ခဏ ခဏ မက်ဖြစ်တယ် သားပြန်လာဖြစ်ခဲ့ရင်သားစုထားတဲ့ ပိုက်ဆံလေးတွေနဲ့အမေ့အိမ်အိုကြီးကို ပြုပြင်မယ်ဒါပေမယ့် အနာဂတ်ဟာသွေးထွက်များတယ် အမေရယ်ခုထိမကျန်းမာသေးဘူး ယမ်းခိုးဝေအိမ်စုစုလေးဆီမှ ငယ်ငယ်ကသူငယ်ချင်းမလေးဆီ ခြေထောက်တစ်ဖက် လက်ဆောင်ဝင်ပေးမယ် အမေသေကွဲတွေကို ကြောက်လှန့်မိသောသားရဲ့ရှင်ကွဲ အမှတ်တရများစွာပေါ့ သားပြန်လာဖြစ်ခဲ့ရင်အမေလို့ အော်ဟစ်ခေါ်လိုက်ချင်တယ် အမေအမေက သားမတွေ့အောင် ထာဝရပုန်းအောင်းနေလိုက်တာအိမ်အိုကြီးမဟုတ်တဲ့ စက်ရုံကြီးအကြောင်းသား အွန်လိုင်းမာတွေ့တယ် ပြင်စရာမှမလိုတော့တာပဲအသစ်ရောင် တောက်နေပါတယ်… သားပြန်လာဖြစ်ခဲ့ရင်သားပြန်လာဖြစ်ခဲ့ရင်သားပြန်လာဖြစ်ခဲ့ရင်ရောက်မရောက် မသေချာတဲ့ ဒီခရီးအတွက်ကိုယ့်ခေါင်းကို ကိုယ်ထမ်းပြီး လျှောက်နေပါတယ် အမေရယ် ရဲခေါင်မင်း 📝 သုံးသပ်ချက်များ။ ။ Lily ThanTin 彭霓霓 အိပ်မက်တွေအတောင်စုံတဲ့နေ့သည် မော်ဒန်ကဗျာတစ်ပုဒ်ဖြစ်သည်။ သဘောတရားအရ မြန်မာ နိုင်ငံ၏ ဒေသအချို့သည် လက်ရှိအချိန်အထိ ပြည်တွင်းစစ် သို့မဟုတ် ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခ များ ဖြစ်ပွားလျက်ရှိနေသည်။ ကဗျာထဲမှ ဇာတ်ကောင်သည် မြန်မာနိုင်ငံသားဖြစ်သော်လည်း နိုင်ငံရပ်ခြားတိုင်းတစ်ပါးတွင် ရွှေ့ပြောင်းနိုင်ငံသား၊ ရွှေ့ပြောင်းလုပ်သားအဖြစ် နေထိုင်နေသူဖြစ်သည်။ သူရောက်နေသည့် နိုင်ငံတွင် ပြည်တွင်းပဋိပက္ခများ၊စစ်ပွဲ များ မရှိပါ။ သို့သော် စစ်ပွဲများတွင်တွေ့နိုင်သည့် မွန်းကြပ်မှုများ၊ မတရားမှုများနှင့် မောဟ၊လောဘ ဒေါသ ဖုံးလွှမ်းနေသည့် လူများ ကို မြင်ရကြောင်း ထည့်သွင်းရေးသားထားသည်။ ဇာတ်ကောင်သည် မတတ်သာ၍ တိုင်းတစ်ပါးတွင် နေရသော်လည်း မိခင်နိုင်ငံ၏ တောတောင်ရေမြေများနှင့် အထင်ကရနေရာများကို လွမ်းဆွတ် တမ်းတနေရသည်။ သူခေတ္တရောက်ရှိနေသည့် တိုင်းတစ်ပါး၏ ဖွံ့ဖြိုးတိုးတက်များအကြောင်းကိုတော့ မိခင်နိုင်ငံအတွက် မိတ်ဆက်ပေးလိုသည့် စေတနာရှိနေကြောင်းထည့်သွင်းရေးဖွဲ့ထားသည်။ ကာရံတွဲစပ်မှုများ အစား နိမိတ်ပုံခိုင်နှိုင်းမှုကို အသားပေး၍ ကဗျာတစ်ပုဒ်လုံးကို ဖွဲ့ဆိုထားသည်။ ထိရောက်သည့် နိမိတ်ပုံများဖြစ်သည့် လူကိုလူချင်းသတ်၊ မိခင်နိုင်ငံရဲ့ရင်ဘတ်၊ အေးချမ်းရာဒေသက သွေးပေလူးနေတဲ့လူတွေ၊ သူဌေးတစ်ယောက်ရဲ့ အနာတရ စသည်တို့ကို ကဗျာတစ်ပိုဒ်ချင်းစီ တစ်ပိုင်း ချင်းစီအတွက် ရုပ်လုံးပိုကြွလာစေရန်၊ အရှိန်ပိုမြင့်လာစေရန် သုံးနှုန်းထားသည်ကိုတွေ့ရသည်။ သူ့အမေပေးသည့် မုန့်ဖိုး ၁ဝဝဝကို လွမ်းကြောင်း၊ သူနေသည့် နိုင်ငံရပ်ခြားတွင် Read More …

သမုဒယ အမော

🇲🇲 2020 ပထမဦးဆုံးရွေးချယ်မှု 緬甸文初選 🇲🇲 📜 သမုဒယ အမော👤 楊承明 (YANG CHENG MING) (၁) သက်မျှကြင်သူ၊ တစ်ယောက်လူကို ခုမူမြေရှည်၊ အောက်မေ့သည်ကြောင့် နှစ်ရှည်လရက်၊ နိုးတစ်ဝက်နှင့် အိပ်မက်တစ်ဆစ်၊ ကြွင်းကျန်ရစ်သည့် အချစ်ပန်းကုံး၊ ဖွဲ့သီနှုန်းမည်။      ။ *** (၂) ၂၀၂၀ ခုနှစ်၊ မေလ ၁ ရက်၊ ထိုင်ပေ။ ယနေ့မေဒေး။ သုံးရက်ဆက်တိုက် ရုံးပိတ်၍ တစ်ယောက်တည်းအိမ်မှာ ပျင်းရိငြီးငွေ့လာသဖြင့် ကော်ဖီတစ်ခွက် ဖျော်သောက်ရင်း ဝန်ကြီးချုပ်ဟောင်း ဦးနု၏ အတ္ထုပ္ပတ္တိ “တာတေစနေသား” စာအုပ်ကို စာအုပ်စင်ပေါ်မှ ဆွဲယူပြီး ဧည့်ခန်းမ ဆိုဖာလက်ရန်းပေါ် ခေါင်းအုံးတစ်လုံးခုကာ လဲလျောင်း၍ ဇိမ်ပြေနပြေ လှန်လှောဖတ်ရှု နေတော့၏။ စာအုပ်ဖတ်ရင်း လက်ကမချနိုင်အောင် အထူးစိတ်ဝင်စားမိသည်မှာ… ကိုနု တက္ကသိုလ်ကျောင်းသားဘဝတုန်းက ကျောက်ဖြူသူစီစီအောင်အား တစ်ဖက်သတ် ချစ်ကြိုက်ခဲ့သည့်အကြောင်း။ နောင်နှစ်ပေါင်း ၃၀ ကျော် ဝန်ကြီးချုပ်ဦးနုဘဝအဖြစ် တာဝန်ထမ်းဆောင်စဉ် ကျောက်ဖြူရောက်ခိုက် စီစီအောင်ကို တွေ့အောင်ရှာဖွေတွေ့ဆုံခဲ့ပြီး ကြာခင်မှာပဲ စီစီအောင် သေဆုံးသွားကြောင်း၊ ထိုသတင်းဆိုးကို ကြားသိလိုက်ရသောဝန်ကြီးချုပ်ခမျာ စကားမပြောနိုင်အောင် စိတ်ထိခိုက်မိကြောင်း… တို့ပင်တည်း။ ဤအချိန်၌ ကျွန်တော့်ရင်ထဲ လှိုက်ခနဲ၊ ဖိုခနဲ ခံစားမိ၏။ သက်ပြင်းငွေ့ငွေ့တစ်ချက် ရှိုက်လိုက်သည်။ စာဆက်ဖတ်ချင်စိတ် မရှိတော့သဖြင့် စာအုပ်ကို ရင်ဘတ်ပေါ်တင်၊ မျက်စိအစုံ မှိတ်လိုက်သည်နှင့် တပြိုင်နက် “ကြည်” ဆိုသောမိန်းမပျိုက ကျွန်တော့်အာရုံထဲ ဗြုန်းခနဲ ပေါ်လာတော့၏။  တဆက်တည်း မြင်ယောင်မိသည်မှာ… ကျွန်တော့်ကိုကျောခိုင်းလျက် လေဟုန်စီးနေသယောင် နိမ့်တုံမြင့်တုံဖြင့် ဝေးရာဆီ ခပ်သွက်သွက်ပြေးလွှားနေသည့် “ကြည်” ။ ကျွန်တော် နောက်မှနေ၍ ရှုတမျှော်ချေ ငေးမောတွေဝေမိ၏။ အိစက်ဖောင်းကြွသောတင်သား၊ ကျစ်လှစ်ကျဉ်သွယ်သည့်ခါးနှင့် ဖွံ့ဖွံ့ထွားထွားကိုယ်လုံးကိုယ်ထည်။ မြတ်နိုးစုံမက် နှစ်လိုဖွယ်။ ပြေးရင်းလွှားရင်း ကျွန်တော့်ဘက်ဆီ ဆတ်ခနဲသမင်လည်ပြန် လှည့်အကြည့်မှာ ရင်ညွန့်သာသာရှည်လျားပြီး ဖားလျားချထားသော သူ့ဆံနွယ်စတွေလည်း လေထဲဝေ့ရမ်းဖြန့်ကျက်၊ လှုပ်ခတ်လွင့်မျောနေပုံကား တံငါသည်က ပိုက်ကွန်ကို ကျင်လည်စွာ ပစ်ထုတ်လိုက်သည့်နှယ် ရှုမငြီးဖွယ်လှပချင်တိုင်း လှပနေလေတော့၏။ ကျွန်တော့်နှလုံးသားသည်လည်း သူ့ဆံနွယ်စ ကွန်ရက်အောက်မှာ တုတ်တုတ်မျှမလှုပ်သာ။ မယှက်သာ။ ဆွဲငင်ခေါ်ဆောင်ရာ အတိတ်ဆီသို့ တစ်ကျော့ပြန် ထွင်းဖောက်ဝင်ရောက် လေမိတော့၏။  *** (၃) ဝေးကွာခဲ့ပြီဖြစ်သော ကျွန်တော်နှင့်ကြည်၏ ပျော်ရွှင်ဖွယ်ကျောင်းသားဘဝ။ အလယ်တန်းမှအထက်တန်းအထိ။ ထိုမှ ရန်ကုန်တက္ကသိုလ် ဥပဒေပညာ ၅ နှစ်တာ။ ကျောင်းတူ၊ အတန်းတူ၊ အခန်းလည်းအတူတူ။ မမေ့နိုင်သေးသည်မှာ ၈ တန်းတုန်းက လူပျိုဖေါ်ဝင်စအရွယ် ဆန့်ကျင်ဘက်လိင်ကို စတင်စိတ်ဝင်စားလာတတ်ရမှန်း သိတတ်ခါစ ပြစ်မှာမစက် ဆယ်ကျော်သက်အချိန်က ကြည့်ကို ကျွန်တော်ပထမဦးဆုံး တွယ်တာမိ၏။ မြတ်နိုးမိ၏။ စုံမက်မိ၏။ တနည်းဆိုသော် အိပ်မက်ဆန်ဆန် လှပသည့် စိတ်ကူးယဉ် အချစ်ပန်းကုံးကို ကျွန်တော်စတင် သီကုံးမိပြီ။ ဤသို့ဖြင့် သူ့အပေါ် နှောင်တင်းမိသည့် သံယောဇဉ်ကြိုးသည် သာမန်ကျောင်းနေဖက် သူငယ်ချင်းတွေသာ ရှိသင့်ရှိထိုက်သော ချစ်ခင်ရင်းနှီးမှုဘောင်တွေ၊ စည်းတွေကိုချုုိးဖောက်ကာ ဘယ်နှစ်ဘူတာအထိ ကျော်လွန်ခဲ့ပြီမှန်း ကျှွန်တော်မသိ။  သတိမူမိလိုက်ချိန်မှာ… ၁၀ နှစ်နီးပါး ကျွန်တော့်နှလုံးသားဝိညာဉ်ကို သယ်ဆောင်လာသော မေတ္တာရထားသည် ချစ်သူ ကြိုနှင့်စောင့်မျှော် ထွေးပိုက်င့ံလင့်မည့်  နဖူးစာဘူတာအရောက်၌ ကျွန်တော်မဆင်းဖြစ်။ မဆင်းခဲ့။ Read More …