ကျွန်ုပ်တို့အကြောင်း

ရွှေ့ပြောင်းနိုင်ငံသား၊ ရွှေ့ပြောင်းလုပ်သားစာပေဆု

အာရှရှိအရှေ့တောင်အာရှရွှေ့ပြောင်းနိုင်ငံသား၊ ရွှေ့ပြောင်းလုပ်သားများ အတွက် အထူးပြုလုပ်သောစာပေဆု

နိုင်ငံသားသစ်နှင့်ရွှေ့ပြောင်းလုပ်သားကို အဓိကထား၍ ထွက်ပေါ်လာသော စာပေဆု ဖြစ်သည်။

ထိုင်ဝမ်တွင် အရှေ့တောင်အာရှနိုင်ငံမှ ပြည်ပသို့ အလုပ်လာရောက်လုပ်ကိုင်သူပေါင်း 7 သိန်း 1 သောင်းခန့်၊ လက်ထပ်ထိန်းမြားသောရွှေ့ပြောင်းနိုင်ငံသားပေါင်း 1 သိန်း 6 သောင်းကျော် နှင့် အဆက်အသွယ်ပြတ်သွားသောရွှေ့ပြောင်းလုပ်သားပေါင်း 5 သောင်းကျော် ရှိသည်။ ၄င်းတို့ သည် ကျွန်ပ်တို့နှင့် ဤမြေတွင်အတူနေထိုင်သော ပဥ္စမအများဆုံး လူမျိုးစုဖြစ်ပြီး ထိုင်ဝမ်အခြေခံ ဆောက်လုပ်ရေးတွင် ပံ့ပိုးပေးသည့်အပြင် ကျွန်ုပ်တို့အိမ်ရှိ သက်ကြီးရွယ်အိုများကို စောင့်ရှောက် ပေးသူများ ဖြစ်သည်။ သူတို့ထဲတွင် အများစုသည် ကျွန်ုပ်တို့မျိုးဆက်သစ်၏မိခင်လည်း ဖြစ်သည်။

၄င်းတို့၏ယဉ်ကျေးမှုနှင့်ဘဝအတွေ့အကြုံသည် ထိုင်ဝမ်ကို ကြွယ်ဝစေပြီး စာပေအရေးအသားက ထိုင်ဝမ်စာပေနှင့် ခွဲခွာ၍မရသော တစ်ပိုင်းတစ်စဖြစ်သည်။ စာပေရေးသားခြင်းမှတစ်ဆင့် နယ်ခြား တွင် လေလွှင့်သည့်ဘဝ၊ ဇာတိမြေနှစ်နေရာ၊ သွေးနှောနှစ်မျိုး၏စာပေအသွင်ကို ပေါ်လွင်စေသည်။

သင့်စာပေနယ်ပယ်ကို ထိုင်ဝမ်မှစ၍ တိုးချဲ့ပါ။

2020 ခုနှစ်တွင် မြန်မာစာကို တိုးကောက်ခံပြီး အာရှတစ်ခုလုံးသို့ သွားရောက်ကောက်ခံမည်။ လူမျိုးစုပေါင်းစုံ၏ရင်တွင်းအသံကို ဖော်ထုတ်ပေးခြင်း၊ ဒီမိုကရေစီစနစ်လက်တွေ့ကျင့်သုံးခြင်းဖြင့် နိုင်ငံတကာအသိုင်းအဝန်းတွင် ဖွင့်လင်းသော၊ ကွဲပြားမှုကိုလေးစားသော၊ လူ့အခွင့်အရေးကိုစောင့် ထိန်းသောထိုင်ဝမ်အဖြစ် ကြိုးစားလုပ်ဆောင်သွားမည်။